Narra အပူပိုင်းမုန်တိုင်းသည် တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ရှီးဒေသသို့ ဝင်ရောက်မည်ဖြစ်၍ ထိုင်းနိုင်ငံသို့ တိုက်ရိုက်သက်ရောက်မှု မရှိနိုင်သော်လည်း မုတ်သုံလေ အားကောင်းမှုကြောင့် ထိုင်းနိုင်ငံရှိ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက ဩဂုတ်လ ၂၃ ရက်တွင် သတိပေးထုတ်ပြန်ထားသည်။ ထို့အပြင် ကပ္ပလီပင်လယ်ပြင်နှင့် ထိုင်းပင်လယ်ကွေ့တို့တွင် လှိုင်းကြီးနိုင်သဖြင့် ငါးဖမ်းလှေငယ်များ ကမ်းမထွက်ရန်နှင့် ခရီးသွားများ သတိပြုကြရန် အသိပေးထားကာ ဘန်ကောက်နှင့် အနီးတစ်ဝိုက်တွင်လည်း မိုးရွာသွန်းမှု ၇၀ ရာခိုင်နှုန်းခန့် ရှိနိုင်ကြောင်း သိရသည်။
Aug 23 • 8:22 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


