တောင်ကိုရီးယား အစိုးရသည် အမျိုးသား လုံခြုံရေးနှင့် နယ်စပ်ဒေသများ ကာကွယ်ရေးအတွက် နယ်စပ်နှင့် အဓိက ကျွန်းပေါင်း ၃၅၃ ကျွန်းတွင် နိုင်ငံခြားသားများ မြေကွက် ဝယ်ယူမှုကို တင်းကျပ်စွာ စိစစ်မည့် စနစ်သစ်ကို ကျင့်သုံးရန် ဆုံးဖြတ်လိုက်ကြောင်း ကိုရီးယားတိုင်းမ် သတင်းတွင် ဖော်ပြထားသည်။ ယခု ဆုံးဖြတ်ချက်အရ အဆိုပါ သတ်မှတ်ထားသော ကျွန်းဒေသများတွင် နိုင်ငံခြားသားများ သို့မဟုတ် နိုင်ငံခြား အဖွဲ့အစည်းများက မြေကွက် ဝယ်ယူလိုပါက အစိုးရ၏ ကြိုတင် ခွင့်ပြုချက် ရယူရန် လိုအပ်မည်ဖြစ်ပြီး မဟာဗျူဟာမြောက် နယ်မြေများအတွင်း နိုင်ငံခြား ပိုင်ဆိုင်မှု ပိုမို များပြားလာခြင်းကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ အထူးသဖြင့် ကမ်းရိုးတန်းနှင့် စစ်ရေးအရ အရေးပါသော နယ်စပ် ကျွန်းဒေသများတွင် ပိုင်ဆိုင်မှု ဆိုင်ရာ ပွင့်လင်းမြင်သာမှု ရှိစေရေးနှင့် ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေး စိန်ခေါ်မှုများကို ကြိုတင် ကာကွယ်နိုင်ရေးအတွက် အဆိုပါ စိစစ်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်သည်။
တောင်ကိုရီးယား နယ်စပ်ဒေသ ကာကွယ်ရေးအတွက် ကျွန်းပေါင်း ၃၅၃ ကျွန်းတွင် နိုင်ငံခြားသားများ မြေဝယ်ယူမှုကို တင်းကျပ်စွာ စိစစ်
Aug 23 • 6:34 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


