back

မန္တလေးတိုင်း၊ တောင်ပြုံးပွဲတော်၌ ပွဲတော်ဝင်ကြေးနှင့် ယာဉ်ရပ်နားခများ အဆမတန် တောင်းခံနေဟုဆို

Aug 23 • 4:46 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊ တောင်ပြုံးပွဲတော်၌ ပွဲတော်ဝင်ကြေးနှင့် ယာဉ်ရပ်နားခများ အဆမတန် တောင်းခံနေဟုဆို

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာတွင် ကျင်းပလျက်ရှိသည့် တောင်ပြုံးမင်းနှစ်ပါး ရိုးရာနတ်ပူဇော်ပွဲတော်နှင့် ဘုရားပွဲတော်၌ ရွာဝင်ကြေး၊ ယာဉ်ရပ်နားခနှ...

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာတွင် ကျင်းပလျက်ရှိသည့် တောင်ပြုံးမင်းနှစ်ပါး ရိုးရာနတ်ပူဇော်ပွဲတော်နှင့် ဘုရားပွဲတော်၌ ရွာဝင်ကြေး၊ ယာဉ်ရပ်နားခနှင့် နန်းတက်ကြေးများကို အဆမတန် ကောက်ခံနေသဖြင့် လာရောက်လည်ပတ်သူများနှင့် နတ်ဆရာများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။ပွဲတော်လာရောက်သူများအနေဖြင့် ရွာထိပ်ဝါးတားဂိတ်တွင် မော်တော်ဆိုင်ကယ်တစ်စီးလျှင် ၂,၀၀၀ ကျပ်၊ အိုးဝေတစ်စီးလျှင် ၅,၀၀၀ ကျပ်နှင့် မော်တော်ကားတစ်စီးလျှင် ၁၀,၀၀၀ ကျပ်အထိ ပွဲတော်ဝင်ကြေး ပေးဆောင်နေရသည့်အပြင် ပွဲတော်အတွင်း ယာဉ်ရပ်နားခအဖြစ် ၅,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ ထပ်မံကောက်ခံခံနေရသည်။ ထို့ပြင် နတ်နန်း၌ ၁၅ မိနစ်စာ နန်းတက်ကြေးအတွက် နတ်ဆရာတစ်ဦးလျှင် ကျပ် ၁၀ သိန်းအပြင် အခြားအပိုကြေးများစွာ ပေးဆောင်နေရသဖြင့် နှုန်းထားများ လျှော့ချပေးရန် လိုလားနေကြသည်။တစ်ဖက်တွင်လည်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သူရဲဈေး - တောင်ပြုံး ခရီးစဉ်အတွက် ဩဂုတ် ၁၉ ရက်မှ စက်တင်ဘာ ၁ ရက်အထိ လက်မှတ်တစ်စောင်လျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် ရထားခရီးစဉ်ကို တစ်နေ့လျှင် အသွားအပြန် နှစ်ခေါက် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

25