မွန်ပြည်နယ်၊ ချောင်းဆုံ (ဘီလူးကျွန်း) မြို့နယ်၊ ညောင်လမ်းကျေးရွာ၊ ရပ်ကွက် (၇) တွင် ယမန်နေ့က အသက် ၇၆ နှစ်အရွယ် အဘိုးအဘွားနှစ်ဦး နေအိမ်အတွင်း ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ပတ်ဝန်းကျင်မှ ဒေသခံများသည် အဆိုပါ အဘိုးအဘွားနှစ်ဦးကို မတွေ့ရသဖြင့် နံနက် ၈ နာရီခန့်တွင် နေအိမ်သို့ သွားရောက်ကြည့်ရှုရာမှ အိပ်ခန်းအတွင်း အဘိုး၏ ရုပ်အလောင်းနှင့် ဘုရားခန်းရှေ့တွင် အဘွား၏ ရုပ်အလောင်းတို့ကို ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။အဆိုပါ ဖြစ်စဉ်တွင် အဘိုး၏ နားကပ် ပျောက်ဆုံးနေပြီး နေအိမ်မှာလည်း မွှေနှောက်ခံထားရသဖြင့် ပစ္စည်းလုယက်သူများက လူကိုပါ သတ်ဖြတ်သွားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ချောင်းဆုံမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက် ရှိသည်။
Aug 23 • 6:35 AM
မြန်မာ
မွန်
မျှဝေမည်
| 23 | 0 | 0 | 0 |


