ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံ နိမ့်ကျပြီး မြစ်ရေ စီးကျော်ဝင်သည့် နေရာ၌ ရေဝင်ရောက်မှု တားဆီးရန်အတွက် Stand Pipe ၄၉ လုံး လုပ်ငန်းခွင်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဩဂုတ် ၂၂ ရက်အထိ Stand Pipe ၃ လုံး ရိုက်သွင်းကာရံပြီးဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများသည် ဩဂုတ် ၂၂ ရက်က ငါးသိုင်းချောင်းမြို့သို့ Stand Pipe များ ရောက်ရှိလာမှု အခြေအနေနှင့် လေးမျက်နှာမြို့နယ် ငဝန်တာတမံ လုပ်ငန်းခွင်အတွင်း Steel Sheet Pile ၊ Stand Pipe များ ရိုက်၍ ကာရံနေမှုကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။ ရိုက်သွင်းထားသည့် Sheet Pile နှင့် Stand Pipe များအကြား ကြားဝါးများအတွင်း ဖြည့်သွင်းမည့် သဲအိတ်များ တင်ဆောင်လာသည့် Barge တွဲယာဉ်များလည်း ရောက်ရှိနေပြီ ဖြစ်သည်။ ကာရံထားသည်များကို ပိုမို ခိုင်ခန့်စေရန် H Beam များဖြင့် ကျားကန်/ဒေါက်ကန်၍ သဲအိတ်များ ဖြည့်သွင်းကာ တာတမံ ကာရံခြင်း လုပ်ငန်းများကို အမြန်ဆုံး ပြီးစီးအောင် စီမံ ဆောင်ရွက်လျက် ရှိသည်။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ငဝန်တာတမံ၌ ရေဝင်ရောက်မှု တားဆီးရန် Stand Pipe များ ရိုက်သွင်း ဆောင်ရွက်လျက်ရှိ
Aug 23 • 3:31 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 27 | 0 | 0 | 0 |


