ကမ္ဘောဒီးယားနိုင်ငံ၏ လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Air Cambodia သည် တရုတ်နိုင်ငံပိုင် လေကြောင်းထုတ်လုပ်ရေး ကုမ္ပဏီ (COMAC) ထံမှ မှာယူထားသော C909 (ယခင် ARJ21) ဒေသတွင်းပြေး ဂျက်လေယာဉ် ၂၀ အနက် ပထမဆုံး လေယာဉ် ၂ စင်းကို လာမည့် နိုဝင်ဘာလတွင် စတင်လက်ခံရရှိမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ လေယာဉ်သစ်များကို ကမ္ဘောဒီးယား ပြည်တွင်း ခရီးစဉ်များနှင့် အိမ်နီးချင်း အရှေ့တောင်အာရှ နိုင်ငံများသို့ ပြေးဆွဲသည့် ခရီးစဉ်များတွင် အသုံးပြုသွားမည်ဖြစ်ပြီး လေကြောင်းလိုင်း၏ ကွန်ရက် တိုးချဲ့ရေးအတွက် အဓိက အထောက်အကူပြုမည်ဖြစ်သည်။ ယခု ဝယ်ယူမှုသည် တရုတ်ထုတ် C909 လေယာဉ်များအား ပြည်ပ လေကြောင်းလိုင်းတစ်ခုက အများအပြား ပထမဆုံးအကြိမ် မှာယူခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် လေကြောင်းပို့ဆောင်ရေး ကဏ္ဍကို ပိုမို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
Aug 23 • 3:30 AM
ကမ္ဘောဒီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


