မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်း အဆောက်အအုံများကို ရှေးဟောင်းမြို့ပြ အမွေအနှစ်အမှတ်အသား ကမ္ပည်းမော်ကွန်း ကြေးပြားများ တပ်ဆင်ခဲ့ကြောင်း ဩဂုတ် ၂၂ ရက်တွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။ဩဂုတ် ၂၀ ရက်က ၁၈၅၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး သက်တမ်း ၁၇၅ နှစ်ရှိပြီဖြစ်သည့် အမရပူရမြို့နယ်ရှိ ဦးပိန်တံတားနှင့် ပြင်ဦးလွင်မြို့ရှိ သက်တမ်း နှစ် ၁၀၀ ကျော် ရှိပြီဖြစ်သော သဇင်မြိုင်၊ ချယ်ရီမြိုင်နှင့် မြိုင်ကြီး အဆောက်အအုံများကို အဆိုပါ ကမ္ပည်းမော်ကွန်း ကြေးပြားများ တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။ယခုကဲ့သို့ ကမ္ပည်းမော်ကွန်း ကြေးပြားများ တပ်ဆင်ခြင်းသည် ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပြီး၊ ယခုလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ဝန်ကြီးများရုံး၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် ဗိုလ်တထောင် လေမှုတ်စက်ရုံတို့ကိုလည်း တပ်ဆင်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းအတွင်းရှိ နှစ် ၁၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်း အဆောက်အအုံများအား ရှေးဟောင်းမြို့ပြ အမွေအနှစ် ကမ္ပည်း ကြေးပြားများ တပ်ဆင်
Aug 23 • 4:15 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 31 | 0 | 0 | 0 |


