back

ထိုင်းနိုင်ငံ တောင်ပိုင်း၌ တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားနေ၍ ညမထွက်ရ အမိန့် ထုတ်ပြန်ထား

Aug 23 • 2:39 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ တောင်ပိုင်း၌ တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားနေ၍ ညမထွက်ရ အမိန့် ထုတ်ပြန်ထား

ထိုင်းနိုင်ငံ တောင်ပိုင်း နယ်စပ်ပြည်နယ် ၃ ခုဖြစ်သည့် ယလာ၊ နရာသီဝပ်နှင့် ပတ္တာနီ ပြည်နယ်တို့တွင် ဩဂုတ် ၂၂ ရက် ညပိုင်းက မီးရှို့မှု၊ ပေါက်ကွဲမှုနှင့် လုယက်မှုများ...

ထိုင်းနိုင်ငံ တောင်ပိုင်း နယ်စပ်ပြည်နယ် ၃ ခုဖြစ်သည့် ယလာ၊ နရာသီဝပ်နှင့် ပတ္တာနီ ပြည်နယ်တို့တွင် ဩဂုတ် ၂၂ ရက် ညပိုင်းက မီးရှို့မှု၊ ပေါက်ကွဲမှုနှင့် လုယက်မှုများ အပါအဝင် မသမာသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်များကြောင့် နရာသီဝပ် ပြည်နယ်တွင် ဩဂုတ် ၂၂ ရက် ည ၁၀ နာရီခွဲမှ ဩဂုတ် ၂၃ ရက် နံနက် ၆ နာရီအထိ ညမထွက်ရ အမိန့် ထုတ်ပြန်ထားရသည်။ အဆိုပါ ဖြစ်စဉ်များအတွင်း ယလာပြည်နယ်၌ အစိုးရ ယာဉ်များနှင့် ဆက်သွယ်ရေး တာဝါတိုင်များ မီးရှို့ခံရခြင်း၊ နရာသီဝပ် ပြည်နယ်၌ ပေါက်ကွဲမှုများ ဖြစ်ပွားခြင်းနှင့် ပတ္တာနီ ပြည်နယ်၌ စတိုးဆိုင် လုယက်ခံရခြင်းတို့ ပါဝင်သည်။လက်ရှိတွင် သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ဒေသခံများအနေဖြင့် သတိထား သွားလာကြရန်နှင့် မသင်္ကာဖွယ်ရာများ တွေ့ရှိပါက အာဏာပိုင်များထံ ချက်ချင်း အကြောင်းကြားကြရန် အသိပေးထားသည်။

news-view-count-icon

24