back

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၌ ရေစီးဖြင့် မျောပါသွားသူ ၂ ဦးအနက် ၁ ဦးကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိ

Aug 23 • 3:14 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၌ ရေစီးဖြင့် မျောပါသွားသူ ၂ ဦးအနက် ၁ ဦးကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ နေဝင်းရပ်ကွက်၊ (၈)လမ်းတွင် ဩဂုတ် ၂၂ ရက် ညနေ ၇ နာရီခွဲအချိန်က အမျိုးသား ၂ ဦး ရေစီးဖြင့် မျောပါသွားခဲ့ကြောင်း သိရသည်။အဆိုပါ ဖ...

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ နေဝင်းရပ်ကွက်၊ (၈)လမ်းတွင် ဩဂုတ် ၂၂ ရက် ညနေ ၇ နာရီခွဲအချိန်က အမျိုးသား ၂ ဦး ရေစီးဖြင့် မျောပါသွားခဲ့ကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရေကြည်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များသည် စက်လှေ ၁ စီး၊ Speed boat ၁ စီးတို့ဖြင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ချက်ချင်း သွားရောက် ဆောင်ရွက်ခဲ့ရာ ည ၈ နာရီခန့်တွင် အမျိုးသား ၁ ဦးကို အသက်ရှင်လျက် ပြန်လည် ကယ်ဆယ်နိုင်ခဲ့သည်။ ကျန်ရှိနေသေးသည့် နောက်ထပ် အမျိုးသား ၁ ဦးကိုလည်း မီးသတ် တပ်ဖွဲ့ဝင်များက ဆက်လက်၍ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ အပြင်းအထန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

news-view-count-icon

23