ဗီယက်နမ်နိုင်ငံ အမျိုးသားနေ့ (စက်တင်ဘာ ၂ ရက်) အထိမ်းအမှတ်အဖြစ် ဟိုချီမင်းမြို့တော် အာဏာပိုင်များက စက်တင်ဘာ ၂ ရက် ည ၉ နာရီမှ ၉ နာရီ ၁၅ မိနစ်အထိ မြို့အတွင်းရှိ အဓိကနေရာ ၇ ခု၌ မီးရှူးမီးပန်းများ တပြိုင်နက်တည်း ပစ်ဖောက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင် ဆိုင်ဂုံမြစ်ကူးလိုဏ်ခေါင်း (Saigon River Tunnel) အဝင်ဝအပါအဝင် မြင့်မားသည့်နေရာ ၁ ခုနှင့် သူဒုတ်မြို့ (Thu Duc City)၊ ဘင်ချန်၊ ဟုတ်မွန်နှင့် ကူချီ စသည့် ခရိုင်များရှိ နိမ့်ပါးသည့်နေရာ ၆ ခုတို့၌ မီးရှူးမီးပန်းများ ပစ်ဖောက်သွားမည်ဖြစ်သည်။ အဆိုပါ မီးရှူးမီးပန်းပစ်ဖောက်မှုအပြင် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ကလပ်အသင်းများ ပါဝင်သည့် ရေကြောင်းအားကစား ပြိုင်ပွဲများ၊ အနုပညာဖျော်ဖြေပွဲများနှင့် အလင်းရောင်ပြပွဲများကိုပါ ဆိုင်ဂုံမြစ်ဝှမ်းတစ်လျှောက်တွင် စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။
ဗီယက်နမ် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဟိုချီမင်းမြို့၌ နေရာ ၇ ခုတွင် မီးရှူးမီးပန်းများ ပစ်ဖောက်ကျင်းပမည်ဖြစ်
Aug 23 • 2:38 AM
ဗီယက်နမ်
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


