ရှမ်းပြည်နယ် တောင်ပိုင်း၊ အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား၏ ဒေသစာရီ ကြွချီ ပူဇော်ခံပွဲတော်ကို အောက်တိုဘာ ၁၂ ရက်မှ ၂၉ ရက်အထိ (သီတင်းကျွတ် လဆန်း ၁ ရက်မှ သီတင်းကျွတ် လပြည့်ကျော် ၃ ရက်အထိ) စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ ဘုရားပွဲတော်ကို အစဉ်အလာမပျက် ကျင်းပပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ ရုပ်ရှင်တော်မြတ်စွာဘုရား ၄ ဆူသည် ၁၈ ရက်တာ ကာလအတွင်း အင်းလေးဒေသရှိ နမ့်ဟူးကျေးရွာ အပါအဝင် စုစုပေါင်း ၂၁ ဌာနသို့ ဒေသစာရီ လှည့်လည် ပူဇော်ခံမည် ဖြစ်သည်။ပွဲတော် ဖြစ်မြောက်ရေး ကြိုတင်ညှိနှိုင်း အစည်းအဝေးနှင့် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ဩဂုတ် ၂၁ ရက် နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ နမ့်ဟူးကျေးရွာရှိ ဖောင်တော်ဦးဘုရား စိန်နှင့်မြ ကျောင်း၌ ကျင်းပခဲ့သည်။ အဆိုပါ ပွဲတော်သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် ရက်အရှည်ကြာဆုံးနှင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ပြည်သူများ အများဆုံး လာရောက်သည့် ထင်ရှားသော ယဉ်ကျေးမှု ပွဲတော်တစ်ခု ဖြစ်သည်။
ရှမ်းပြည်နယ်၊ အင်းလေး၌ ယခုနှစ် ဖောင်တော်ဦး ဘုရားပွဲတော်ကို အောက်တိုဘာ ၁၂ ရက်မှ စတင်၍ ၁၈ ရက်ကြာ ကျင်းပမည်ဖြစ်
Aug 23 • 2:37 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 34 | 0 | 0 | 0 |


