မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေး ပြည်သူ့ဆေးရုံကြီး၏ အရေးပေါ်ဌာန၊ ပင်မဓာတ်မှန်ဌာန၊ စာသင်ခန်းနှင့် ပင်မခွဲစိတ်ခန်း စသည့် ဌာနအသီးသီးမှ စုစုပေါင်း ကာလတန်ဖိုး ကျပ် ၄၅၈ သိန်းတန် အဲကွန်း ၁၇ လုံး ဖြုတ်ယူ ခိုးခံရမှု ဖြစ်ပွားခဲ့သည်။အဆိုပါ ခိုးယူမှုနှင့် ပတ်သက်၍ အမှတ် (၈) မြို့မရဲစခန်းတွင် ဩဂုတ် ၆ ရက်က အမှုဖွင့် တိုင်ကြားခဲ့ပြီးနောက်၊ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ ဆေးရုံအနီး၌ မသင်္ကာဖွယ် အဲကွန်း ဖြုတ်နေသူ အမျိုးသားတစ်ဦးကို ခေါ်ယူ စစ်ဆေးရာမှ တရားခံများကို ဖမ်းဆီးရမိခဲ့သည်။ကျူးလွန်သူမှာ အဲကွန်း ဆားဗစ် လုပ်ကိုင်သူဖြစ်ပြီး ဆေးရုံအတွင်းရှိ အဲကွန်းများနှင့် ကြေးပိုက်များကို ကာလရှည် မကြာခဏ ဖြုတ်ယူ ခိုးဝှက်ခဲ့ခြင်း ဖြစ်သည်။ ယင်း ခိုးမှုတွင် ဆေးရုံ သန့်ရှင်းရေး ဝန်ထမ်းတစ်ဦးနှင့် မိသားစုဝင်လည်း ပါဝင်နေပြီး တရားခံ ၄ ဦးဖြစ်သော အောင်ကျော်ကျော်(ခ)အုပ်စိုး၊ အောင်ငြိမ်းချမ်း(ခ)ငြိမ်းချမ်း၊ သိန်းမြင့်နှင့် သူဇော်အောင် တို့ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Aug 23 • 2:36 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 25 | 0 | 0 | 0 |


