၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အပြီး ဖြစ်ပွားခဲ့သည့် အချင်းများမှုများနှင့် ပတ်သက်၍ ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အာဂျင်တီးနား အသင်းနှင့် သက်ဆိုင်ရာ ကစားသမားများကို ပြစ်ဒဏ်များ ချမှတ်လိုက်သည်။စပိန်အသင်းကို ရှုံးနိမ့်ခဲ့သည့် ဗိုလ်လုပွဲအပြီးတွင် စပိန် ကစားသမားများကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြသည့် အာဂျင်တီးနား ကွင်းလယ်လူ ပါရီဒက်စ်ကို ၁၀ ပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ကြေး ပေါင် ၆၆,၀၀၀၊ နောက်ခံလူ မိုလီနာကို ၇ ပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ကြေး ပေါင် ၆၆,၀၀၀ ချမှတ်ခဲ့သည်။ ပါရီဒက်စ်သည် စပိန် နောက်ခံလူ ဂါစီယာကို လည်ပင်းညှစ်ခဲ့သည့်အပြင် ကွင်းလယ်လူ ဂါဗီကိုပါ လဲကျအောင် တွန်းထိုးခဲ့ခြင်း ဖြစ်သည်။ထို့အပြင် ပြိုင်ပွဲအတွင်း အားကစားနှင့် မဆိုင်သော ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခြင်း၊ အသင်းသားများ စည်းကမ်း ဖောက်ဖျက်ခြင်းနှင့် ပရိသတ်များကို မထိန်းချုပ်နိုင်ခဲ့ခြင်းတို့ကြောင့် အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ကို ဒဏ်ကြေး ပေါင် ၂၃၅,၀၀၀ ပေးဆောင်စေခဲ့ပြီး၊ အိမ်ကွင်း ၂ ပွဲတွင် ပရိသတ် ၅၀ ရာခိုင်နှုန်းဖြင့်သာ ကစားရန် ပြစ်ဒဏ်ချခဲ့ရာ အဆိုပါ ပြစ်ဒဏ်အနက် ၁ ပွဲကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ပေးခဲ့သည်။အဆိုပါ ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် စပိန် ကွင်းလယ်လူ ဂါဗီနှင့် အာဂျင်တီးနား ကွင်းလယ်လူ အယ်မေးဒါးတို့ကိုလည်း ၁ ပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ကြေး ပေါင် ၂၂,၀၀၀ စီ ချမှတ်ခဲ့ကြောင်း သိရသည်။
| 34 | 0 | 0 | 0 |


