လာအိုနိုင်ငံ တောင်ပိုင်း ဆီကောင် (Sekong) ပြည်နယ်တွင် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မုတ်သုံလေ အားကောင်းမှုတို့ကြောင့် ရေလှောင်တမံများအတွင်း ရေပမာဏ စံချိန်တင် မြင့်တက်လာသဖြင့် ရေကာတာများမှ ရေ ထိန်းသိမ်း ဖောက်ထုတ်ရမည်ဖြစ်ကြောင်း အာဏာပိုင်များက အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ရေကာတာများမှ ရေလွှတ်ထုတ်မှုကြောင့် မြစ်အောက်ပိုင်းနှင့် မြစ်ကမ်းဘေး နိမ့်ပါးသော ဒေသများတွင် ရေကြီးရေလျှံမှု၊ ရုတ်တရက် ရေလျှံတက်မှုနှင့် မြေပြိုမှုအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ပြီး အနီးဝန်းကျင်ရှိ ရေမိုင်း လုပ်ကွက်များတွင်လည်း ရေကြီးရေလျှံမှုများ မကြာသေးမီက စတင်ဖြစ်ပွားခဲ့သည်။ သို့ဖြစ်ပါ၍ မြစ်ကမ်းဘေးနေ ပြည်သူများအနေဖြင့် ရာသီဥတုနှင့် ရေအမှတ် အခြေအနေများကို အစဉ်မပြတ် စောင့်ကြည့်ရန်၊ မွေးမြူရေးတိရစ္ဆာန်များနှင့် အရေးကြီး ပစ္စည်းများကို ကုန်းမြင့်ပိုင်းသို့ ကြိုတင်ရွှေ့ပြောင်းထားရန်နှင့် လိုအပ်ပါက ဘေးလွတ်ရာသို့ အမြန်ဆုံး ရွှေ့ပြောင်းနိုင်ရန် ပြင်ဆင်ထားကြပါရန် ဒေသဆိုင်ရာ အာဏာပိုင်များက သတိပေး နှိုးဆော်ထားသည်။
လာအို၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆီကောင်ပြည်နယ်ရှိ ရေကာတာများ ရေဖောက်ထုတ်မည်ဖြစ်၍ ရေကြီးရေလျှံမှု သတိပေးချက်ထုတ်ပြန်
Aug 23 • 2:06 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


