ထိုင်းနိုင်ငံ၊ နန် (Nan) နှင့် သုခေါသယ (Sukhothai) ဒေသများတွင် ရေကြီးမှု အခြေအနေများ သက်သာလာသော်လည်း မုန်တိုင်းရာသီ မကုန်မီ နောက်ထပ် မုန်တိုင်း ၇ ခုမှ ၉ ခုအထိ ဖြစ်ပေါ်လာနိုင်သေးကြောင်း ရာသီဥတု ပညာရှင်များက သတိပေးထားသည်။ဩဂုတ်လကုန်အထိ မိုးရွာသွန်းမှု လျော့ကျနိုင်သော်လည်း တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းအနီး ဖြစ်ပေါ်နေသော မုန်တိုင်းအရှိန်ကြောင့် ဩဂုတ် ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၉ ရက်ဝန်းကျင်များတွင် ထိုင်းနိုင်ငံ အနောက်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ၌ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေ ရှိနေသေးသည်။ယခုနှစ် မုန်တိုင်းရာသီအတွင်း တိုင်ဖွန်း ၅ ခုအပါအဝင် မုန်တိုင်း ၁၈ ခု ဖြစ်ပေါ်ခဲ့ပြီး အယ်လ်နီညို ဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်မှု နည်းပါးခဲ့သော်လည်း၊ ရာသီဥတု ဖောက်ပြန်မှုများကြောင့် ရေကြီးမှု သက်သာနေသည့် ဒေသများတွင် မိုးပြန်များလာနိုင်သဖြင့် အနီးကပ် စောင့်ကြည့်ရန် လိုအပ်လျက်ရှိသည်။
Aug 23 • 1:49 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


