back

ဂျွန်လွင်ထံမှ ငွေကျပ် သိန်း ၁,၁၅၀ ခိုးယူသူ ၃ ဦး ဖမ်းဆီးရမိ

Aug 23 • 1:48 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဂျွန်လွင်ထံမှ ငွေကျပ် သိန်း ၁,၁၅၀ ခိုးယူသူ ၃ ဦး ဖမ်းဆီးရမိ

မော်ဒယ် အေဂျင်စီ လောကတွင် ထင်ရှားသူ ဂျွန်လွင်ထံမှ ငွေကျပ် သိန်း ၁,၁၅၀ လိမ်လည် ရယူခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သူ ၃ ဦးစလုံးကို သက်ဆိုင်ရာက ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း ...

မော်ဒယ် အေဂျင်စီ လောကတွင် ထင်ရှားသူ ဂျွန်လွင်ထံမှ ငွေကျပ် သိန်း ၁,၁၅၀ လိမ်လည် ရယူခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်သူ ၃ ဦးစလုံးကို သက်ဆိုင်ရာက ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း ဂျွန်လွင်က ၎င်း၏ လူမှုကွန်ရက် မှတစ်ဆင့် အသိပေး ထုတ်ပြန်ခဲ့သည်။ဖြစ်စဉ်မှာ Facebook ပေါ်တွင် မိတ်ဆွေ ဟန်ဆောင်ထားသည့် အကောင့်တု တစ်ခုက ငွေသား အရေးပေါ် လိုအပ်နေကြောင်း ပြောဆိုသဖြင့် ယုံကြည်ကာ ငွေကျပ် သိန်း ၄၀၀၊ သိန်း ၂၅၀ နှင့် သိန်း ၅၀၀ ဟူ၍ ၃ ကြိမ်ခွဲကာ စုစုပေါင်း ငွေကျပ် သိန်း ၁,၁၅၀ လွှဲပြောင်း ပေးခဲ့မိခြင်း ဖြစ်ကြောင်း သိရသည်။နောက်ပိုင်းတွင် လိမ်လည်ခံရမှန်း သိရှိ၍ သက်ဆိုင်ရာ ဘဏ်သို့ ငွေထုတ်ယူမှု တားဆီးနိုင်ရန် သွားရောက် ဆောင်ရွက်ခဲ့သော်လည်း လွှဲပေးထားသည့် ငွေများမှာ ထုတ်ယူသွားပြီး ဖြစ်ခဲ့သည်။ လက်ရှိတွင် ပါဝင်သူများကို ဖမ်းဆီးရမိခဲ့သဖြင့် ရဲတပ်ဖွဲ့၊ ဗဟိုဘဏ်နှင့် KBZ ဘဏ်တို့ကို ကျေးဇူးတင်ကြောင်း ဖော်ပြထားပြီး၊ ဗဟိုဘဏ် သတ်မှတ်ချက်ထက် ကျော်လွန်၍ ငွေထုတ်ပေးခဲ့သူဟု စွပ်စွဲထားသည့် ဒေါ်မျိုးကြည်ကိုလည်း ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်စေလိုကြောင်း ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

news-view-count-icon

69