back

ကရင်ပြည်နယ်၊ ကြာအင်ဆိပ်ကြီးမြို့နယ်၌ မြစ်ရေမြင့်တက်မှုကြောင့် လှိုင်ကနီကျေးရွာတွင် ခရီးသည် ရာနှင့်ချီ သောင်တင်နေ

Aug 23 • 1:43 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၊ ကြာအင်ဆိပ်ကြီးမြို့နယ်၌ မြစ်ရေမြင့်တက်မှုကြောင့် လှိုင်ကနီကျေးရွာတွင် ခရီးသည် ရာနှင့်ချီ သောင်တင်နေ

ကရင်ပြည်နယ်၊ ကြာအင်ဆိပ်ကြီးမြို့နယ်၊ လှိုင်ကနီ-အင်းခွ လမ်းပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ရေ ပြန်လည်ကျဆင်းခြင်း မရှိသေးသဖြင့် လှိုင်ကနီကျေးရွာ၌ ...

ကရင်ပြည်နယ်၊ ကြာအင်ဆိပ်ကြီးမြို့နယ်၊ လှိုင်ကနီ-အင်းခွ လမ်းပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ရေ ပြန်လည်ကျဆင်းခြင်း မရှိသေးသဖြင့် လှိုင်ကနီကျေးရွာ၌ ယာဉ်အစီးရေ ၃၀ ခန့်နှင့် ခရီးသည် ၁၀၀ ကျော် သောင်တင်နေကြောင်း ဒေသခံများထံမှ သိရသည်။ဩဂုတ် ၂၀ ရက်မှစ၍ အဘစ်လမ်းပိုင်းမှ ဝင်ရောက်လာသည့် ယာဉ်များသည် စက်ပျက်နေသည့် ယာဉ်တစ်စီးကို တန်းစီစောင့်ဆိုင်းစဉ် မြစ်ရေ မြင့်တက်လာသဖြင့် ပိတ်မိခဲ့ခြင်းဖြစ်ပြီး၊ ဩဂုတ် ၂၂ ရက် မွန်းလွဲပိုင်းအထိ မိုးဆက်လက် ရွာသွန်းနေဆဲဖြစ်၍ ခရီးသည်များ ရက်အတန်ကြာ စောင့်ဆိုင်းရမည့် အခြေအနေ ဖြစ်နေသည်။ခရီးသည်များ ယာယီ နေထိုင်စားသောက်နိုင်ရန် ဒေသခံများက ကူညီပေးနေပြီး ဘုရားသုံးဆူသို့ ခရီးဆက်လိုသူများကို စက်လှေဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။ ဩဂုတ် ၂၁ ရက် နံနက်ပိုင်းက ခရီးသည် ၁၁ ဦး စီးနင်းလာသည့် စက်လှေ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သော်လည်း ဒေသခံများက အချိန်မီ ကယ်ဆယ်နိုင်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

31