ဂျပန်နိုင်ငံ၌ ယနေ့ ဩဂုတ် ၂၃ ရက် နံနက် ၂ နာရီခန့်တွင် အီဘာရာကီခရိုင် တောင်ပိုင်း (Ibaraki Prefecture South) ကို ဗဟိုပြု၍ ပမာဏ မဂ္ဂနီကျု ၅.၆ ခန့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။အဆိုပါ ငလျင်ကြောင့် တိုကျို၊ ချီဘာ၊ ဆိုင်တမ၊ အီဘာရာကီ၊ တိုချီဂီနှင့် ကန်တိုဒေသ တစ်ဝန်းတွင် ပြင်းထန်သော တုန်ခါမှုကို ခံစားခဲ့ရပြီး၊ အမြင့်ဆုံး တုန်ခါမှုအဆင့်မှာ Shindo 5- (Shindo 5-lower) ခန့်ရှိခဲ့ကြောင်း အရေးပေါ် ငလျင်သတိပေးစနစ်၏ ကနဦး ခန့်မှန်းချက်များအရ သိရသည်။ဂျပန် မိုးလေဝသဌာနက နောက်ဆက်တွဲ တုန်ခါမှုများ (Aftershocks) ဆက်လက် ဖြစ်ပေါ်လာနိုင်သဖြင့် ပြုတ်ကျနိုင်သော ပစ္စည်းများနှင့် မှန်ပြတင်းပေါက်များအနီးမှ ရှောင်ရှားရန်၊ ဓာတ်လှေကား အသုံးမပြုရန်နှင့် အရေးပေါ် သတိပေးချက်များကို အနီးကပ် စောင့်ကြည့်ကြရန် သတိပေးထားသည်။
Aug 23 • 1:40 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


