back

တရုတ်နိုင်ငံ၌ ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ၅၀ ဂရမ်လေးသည့် ရွှေတုံးမျိုချမိ၍ ဆေးရုံတွင် အရေးပေါ်ကုသမှုခံယူခဲ့ရ

Aug 23 • 1:39 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ၌ ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ၅၀ ဂရမ်လေးသည့် ရွှေတုံးမျိုချမိ၍ ဆေးရုံတွင် အရေးပေါ်ကုသမှုခံယူခဲ့ရ

တရုတ်နိုင်ငံ မြောက်ပိုင်းတွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အရှည် ၄ စင်တီမီတာနှင့် အလေးချိန် ၅၀ ဂရမ်ရှိ ရွှေတုံးတစ်တုံးကို အိမ်၌ ကစားနေစဉ် မတော်တဆ မျိုချမိ...

တရုတ်နိုင်ငံ မြောက်ပိုင်းတွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အရှည် ၄ စင်တီမီတာနှင့် အလေးချိန် ၅၀ ဂရမ်ရှိ ရွှေတုံးတစ်တုံးကို အိမ်၌ ကစားနေစဉ် မတော်တဆ မျိုချမိခဲ့သဖြင့် ပေကျင်း ကလေးဆေးရုံ၌ အရေးပေါ် ကုသမှု ခံယူခဲ့ရကြောင်း သိရသည်။ကလေးငယ်မှာ ရွှေတုံးမျိုချမိပြီး ၆ နာရီအကြာတွင် ဆေးရုံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ ဓာတ်မှန်ရိုက် စစ်ဆေးချက်များအရ ရွှေတုံးသည် အစာအိမ်အတွင်း ကျဉ်းမြောင်းသည့် နေရာ၌ ပိတ်မိနေသည်ကို တွေ့ရှိခဲ့ရသည်။ ရွှေတုံးသည် မာကျောပြီး မျက်နှာပြင် ချောမွေ့သဖြင့် အစာအိမ်နံရံ ပေါက်ခြင်းနှင့် သွေးထွက်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ရှိခဲ့သည်။ပေကျင်း ကလေးဆေးရုံမှ ဆရာဝန်များသည် ဩဂုတ် ၁၆ ရက်တွင် အန်ဒိုစကုပ် (Endoscope) မှတစ်ဆင့် ကြိုးကွင်းပုံစံ ကိရိယာကို အသုံးပြု၍ အစာခြေလမ်းကြောင်း ထိခိုက်မှုမရှိဘဲ ရွှေတုံးကို မိနစ်အနည်းငယ်အတွင်း အောင်မြင်စွာ ဖယ်ရှားပေးနိုင်ခဲ့ကာ ကလေးငယ်မှာလည်း ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီ ဖြစ်သည်။

news-view-count-icon

16