ထိုင်းနိုင်ငံသို့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၁၅ ရက်နေ့အထိ နိုင်ငံတကာ ခရီးသွား ၁၉.၇၆ သန်းကျော် လာရောက်လည်ပတ်ခဲ့ပြီး ဘတ်ငွေ ၉၅၇.၆၂ ဘီလီယံကျော် သုံးစွဲခဲ့ကြောင်း၊ ယင်းမှာ ယခင်နှစ် ကာလတူထက် ၂.၉၁ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ ကာလအတွင်း တရုတ်နိုင်ငံမှ ခရီးသွား အများဆုံး ဝင်ရောက်ခဲ့ပြီး မလေးရှား၊ အိန္ဒိယ၊ ရုရှားနှင့် တောင်ကိုရီးယား နိုင်ငံတို့က အစဉ်လိုက် ရပ်တည်နေသော်လည်း၊ တရုတ်နှင့် ဥရောပနိုင်ငံများ၏ နွေရာသီ အားလပ်ရက် ကုန်ဆုံးတော့မည်ဖြစ်၍ ဩဂုတ် ဒုတိယပတ်အတွင်း ခရီးသွားဝင်ရောက်မှု ၃.၇၉ ရာခိုင်နှုန်း လျော့ကျခဲ့သည်။သို့သော် ရုံးပိတ်ရက်များကြောင့် ဂျပန်နိုင်ငံမှ ခရီးသွားဝင်ရောက်မှုမှာ ၁၃.၇၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး၊ နွေရာသီ အားလပ်ရက်များ ပြီးဆုံးတော့မည်ဖြစ်သဖြင့် လာမည့် သီတင်းပတ်များတွင်လည်း နိုင်ငံတကာ ခရီးသွားဝင်ရောက်မှု ဆက်လက် ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားသည်။
ထိုင်းနိုင်ငံသို့ ယခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွား ၁၉.၇၆ သန်းကျော် ဝင်ရောက်ခဲ့ပြီး ယခင်နှစ်ထက် ကျဆင်း
Aug 23 • 1:50 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


