ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့၌ မုတ်သုံလေ အားကောင်းနေမှုတို့ကြောင့် ဩဂုတ်လ ၂၆ ရက်နေ့အထိ တိုင်းနှင့်ပြည်နယ် အများအပြားတွင် မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ထို့ပြင် မွန်-တနင်္သာရီ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျကာ လှိုင်းကြီးနိုင်ပြီး လေတိုက်နှုန်း တစ်နာရီလျှင် ၃၅ မိုင်အထိ ရှိနိုင်သဖြင့် ကုန်းမြင့်/တောင်စောင်းအနီး နေထိုင်သူများ၊ မြစ်ချောင်းအနီး နေထိုင်သူများအပြင် လေကြောင်းပျံသန်းရေးနှင့် ရေကြောင်းသွားလာရေး လုပ်ငန်းများအနေဖြင့် ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်း အန္တရာယ်များကို အထူးသတိပြုကြရန် အသိပေးထားသည်။
Aug 22 • 12:40 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 35 | 0 | 0 | 0 |


