ဆုကြေးငွေ အမေရိကန်ဒေါ်လာ တစ်သောင်းကျော် ချီးမြှင့်မည့် Fire Dragon International Futsal Cup 2026 နိုင်ငံတကာ ဖိတ်ခေါ်ဖလား ဖူဆယ်ပြိုင်ပွဲကို လာမည့် စက်တင်ဘာလအတွင်း ရန်ကုန်မြို့ရှိ MFF Futsal Stadium ၌ ကျင်းပသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဖူဆယ်နှင့် သဲသောင်ပြင် ဘောလုံးကော်မတီတို့ ပူးပေါင်းကျင်းပသည့် အဆိုပါ ပြိုင်ပွဲတွင် ပြည်တွင်း ကလပ် ၅ သင်းနှင့် ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ ပြည်ပ ကလပ် ၃ သင်း အပါအဝင် စုစုပေါင်း ၈ သင်းတို့ အုပ်စု ၂ ခု ခွဲ၍ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ မြန်မာ့ဖူဆယ် အဆင့်အတန်း တိုးတက်ရေးနှင့် နိုင်ငံတကာ အတွေ့အကြုံများ ရရှိရေးအတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း သိရသည်။
Aug 22 • 12:36 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 31 | 0 | 0 | 0 |


