မြန်မာ့ဖူဆယ်လောကတွင် အရည်အသွေးမီ မျိုးဆက်သစ် ဒိုင်လူကြီးများ ပိုမိုပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) က MFF Basic Futsal Referee Course 2/2026 သင်တန်းကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့၊ သုဝဏ္ဏလူငယ်လေ့ကျင့်ရေး သင်တန်းခန်းမ၌ အခမဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းသို့ အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်းရှိ အထက်တန်းအဆင့် ကျန်းမာကြံ့ခိုင်သူ လူငယ်များ လျှောက်ထားနိုင်ပြီး လျှောက်လွှာများကို စက်တင်ဘာ ၁ ရက်မှ ၂၈ ရက်အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
မျိုးဆက်သစ် ဖူဆယ်ဒိုင်လူကြီးများ မွေးထုတ်ရန် MFF Basic Futsal Referee Course 2/2026 အခမဲ့ဖွင့်လှစ်မည်
Aug 22 • 12:31 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 38 | 0 | 0 | 0 |


