ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အထောက်အထား မပြည့်စုံသော မြန်မာရွှေ့ပြောင်း အလုပ်သမား ၄၂၉,၁၉၂ ဦးအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) အသစ်များ ထုတ်ပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ CI ထုတ်ပေးရေး လုပ်ငန်းများကို စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်မြို့တို့ရှိ CI စခန်း ၄ ခုနှင့် ကရာဘီမြို့ရှိ Mobile Unit ၁ ခုတို့ဖြင့် ဖေဖော်ဝါရီ ၁၇ ရက်မှ ဩဂုတ် ၁၆ ရက်အထိ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ နေပြည်တော်၌ ကျင်းပသည့် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လုပ်ငန်းခွင် အေးချမ်းသာယာရေး၊ အလုပ်သမား ရပိုင်ခွင့်များ ကာကွယ်စောင့်ရှောက်ရေးနှင့် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် ကုန်ထုတ်စွမ်းအား မြှင့်တင်ရေးတို့ကို အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့သည်။
Aug 22 • 12:30 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 17 | 0 | 0 | 0 |


