back

Digital နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် တရုတ် CHEC ဆွေးနွေး

Aug 22 • 12:29 PM

breaking-news

မြန်မာ

ပြည်ပ

cover

Digital နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် တရုတ် CHEC ဆွေးနွေး

Digital နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် နိုင်ငံတကာ စီမံကိန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေ...

Digital နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် နိုင်ငံတကာ စီမံကိန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တရုတ်နိုင်ငံ China Harbour Engineering Company Ltd. (CHEC) မှ မန်နေဂျင်းဒါရိုက်တာ Mr. Meng Wei ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံမှုတွင် CHEC (Myanmar) Talent Development Centre နှင့် CHEC Global BIM Centre အစီအစဉ်များမှတစ်ဆင့် လူ့စွမ်းအားအရင်းအမြစ် အရည်အသွေး တိုးတက်မြင့်မားရေးနှင့် Digital နည်းပညာ အသွင်ကူးပြောင်းမှု လုပ်ငန်းများ၌ အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို အဓိကထား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

news-view-count-icon

22