back

ဓာတ်ဆီဈေး ကျဆင်းသော်လည်း ဒီဇယ်ဈေး တစ်လီတာလျှင် ၅၀ ကျပ်ခန့် ပြန်လည်မြင့်တက်

Aug 22 • 12:28 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဓာတ်ဆီဈေး ကျဆင်းသော်လည်း ဒီဇယ်ဈေး တစ်လီတာလျှင် ၅၀ ကျပ်ခန့် ပြန်လည်မြင့်တက်

ကမ္ဘာ့ရေနံစိမ်းဈေး အတက်အကျနှင့် MOPS ဈေးနှုန်းများအပေါ် အခြေခံ၍ ပြည်တွင်းစက်သုံးဆီ ဈေးကွက်တွင် ဓာတ်ဆီဈေးနှုန်းများ ကျဆင်းခဲ့သော်လည်း ဒီဇယ်ဈေးနှုန်းများမှာ တစ်လီ...

ကမ္ဘာ့ရေနံစိမ်းဈေး အတက်အကျနှင့် MOPS ဈေးနှုန်းများအပေါ် အခြေခံ၍ ပြည်တွင်းစက်သုံးဆီ ဈေးကွက်တွင် ဓာတ်ဆီဈေးနှုန်းများ ကျဆင်းခဲ့သော်လည်း ဒီဇယ်ဈေးနှုန်းများမှာ တစ်လီတာလျှင် ၅၀ ကျပ်မှ ၅၅ ကျပ်အထိ ပြန်လည်မြင့်တက်လာကြောင်း သိရသည်။ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဩဂုတ်လ ၂၁ ရက် ထုတ်ပြန်ချက်အရ ဩဂုတ်လ ၂၇ ရက်အထိ အကျုံးဝင်မည့် ရန်ကုန်မြို့ ရည်ညွှန်းဈေးများမှာ ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၃,၅၇၅ ကျပ်၊ ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၃,၆၉၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၄,၀၇၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၄,၉၂၅ ကျပ်တို့ ဖြစ်သည်။ ယခုတစ်ပတ် ဈေးနှုန်းများသည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ 92 နှင့် 95 မော်ဒယ်များမှာ ၇၅ ကျပ်မှ ၈၀ ကျပ်အထိ ကျဆင်းခဲ့ပြီး ဒီဇယ်နှင့် ပရီမီယံဒီဇယ်များမှာမူ ၅၀ ကျပ်မှ ၅၅ ကျပ်အထိ ပြန်တက်လာခဲ့ခြင်း ဖြစ်သော်လည်း ဧပြီလကုန်ပိုင်း ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက သိသိသာသာ လျော့နည်းနေဆဲ ဖြစ်ကြောင်း သိရသည်။

news-view-count-icon

61