ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက်ရှိ လုံဂါပါရေဆိပ်တွင် ဩဂုတ်လ ၂၂ ရက် နံနက် ၁၁ နာရီ ၅ မိနစ်အချိန်ခန့်က အမျိုးသားတစ်ဦး ရေဆင်းချိုးရာမှ ရေဝဲအတွင်း ရေနစ်ပျောက်ဆုံးခဲ့သည်။ သတင်းရရှိမှုအရ မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ Rest in Peace Group နှင့် ပရဟိတအသင်းသားများ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးယာဉ်၊ စက်လှေတို့ဖြင့် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ မိနစ် ၄၀ အချိန်တွင် အဆိုပါ အမျိုးသား၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ပြီး Rest in Peace Group ယာဉ်ဖြင့် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Aug 22 • 12:42 PM
မြန်မာ
ကချင်
မျှဝေမည်
| 21 | 0 | 0 | 0 |


