back

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးအထိ ကြယ်ပွင့်ပြမေးခွန်း ၂၈၆ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၅၉၉ ခုနှင့် အဆို ၃ ခု တင်သွင်းမေးမြန်းနိုင်ခဲ့

Aug 22 • 12:21 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးအထိ ကြယ်ပွင့်ပြမေးခွန်း ၂၈၆ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၅၉၉ ခုနှင့် အဆို ၃ ခု တင်သွင်းမေးမြန်းနိုင်ခဲ့

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးအထိ ကြယ်ပွင့်ပြမေးခွန်း ၂၈၆ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၅၉၉ ခုနှင့် အဆို ၃ ခုတို့ကို တင်သွင်းမေးမြန်းနိုင်ခဲ့ကြောင...

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးအထိ ကြယ်ပွင့်ပြမေးခွန်း ၂၈၆ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၅၉၉ ခုနှင့် အဆို ၃ ခုတို့ကို တင်သွင်းမေးမြန်းနိုင်ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ပထမပုံမှန်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ် ၁၆ ရက်မှ ဧပြီ ၈ ရက်အထိလည်းကောင်း၊ ဒုတိယပုံမှန်အစည်းအဝေးကို ဇွန် ၂ ရက်မှ ဇူလိုင် ၃၀ ရက်အထိလည်းကောင်း ကျင်းပခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ပြည်သူ့လွှတ်တော်၌ အမြဲတမ်းကော်မတီ ၄ ခု အပါအဝင် ကော်မတီ ၂၂ ခုဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်နှင့် ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေး ဆောင်ရွက်ကြရန်လည်း ဒုတိယဥက္ကဋ္ဌက မှာကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

28