back

မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် အုန်းပင်စုကျေးရွာ ဆင်းရဲမှုလျှော့ချရေးစီမံကိန်း ပြီးမြောက်၊ ဒေသခံ ၇၀၀ ကျော် အကျိုးပြု

Aug 22 • 12:18 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် အုန်းပင်စုကျေးရွာ ဆင်းရဲမှုလျှော့ချရေးစီမံကိန်း ပြီးမြောက်၊ ဒေသခံ ၇၀၀ ကျော် အကျိုးပြု

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ခဲ့သည့် ညောင်တုန်းမြို့နယ်၊ အုန်းပင်စုကျေ...

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ခဲ့သည့် ညောင်တုန်းမြို့နယ်၊ အုန်းပင်စုကျေးရွာ၏ ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ တိုးချဲ့ဆောင်ရွက်ခြင်း စီမံကိန်း ပြီးမြောက်ခြင်း အခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နေ့က ကျင်းပခဲ့သည်။ အဆိုပါ စီမံကိန်းသည် ကျေးရွာ၏ အဓိက လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး အိမ်ထောင်စု ၁၈၀ ၊ လူဦးရေ ၇၂၆ ဦးကို တိုက်ရိုက် အကျိုးပြုပေးနိုင်ခဲ့သည်။ အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်နှင့် တရုတ်သံရုံး ယာယီတာဝန်ခံ Mr. Shen Dan တို့ တက်ရောက်ခဲ့ကြပြီး၊ ပြည်ထောင်စုဝန်ကြီးက ဒေသခံများအနေဖြင့် ပိုင်ဆိုင်မှုစိတ်ဓာတ် (Ownership Mindset) မွေးမြူကာ စီမံကိန်းလုပ်ငန်းများကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

29