back

လူကယ်ပြန်ဝန်ကြီးဌာနနှင့် UNHCR တို့ ပူးပေါင်း၍ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်နေမှု ဆွေးနွေး

Aug 22 • 12:17 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

လူကယ်ပြန်ဝန်ကြီးဌာနနှင့် UNHCR တို့ ပူးပေါင်း၍ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်နေမှု ဆွေးနွေး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Barnaby Jones က...

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Barnaby Jones ကို ဩဂုတ်လ ၂၀ ရက် နံနက်ပိုင်းတွင် လက်ခံတွေ့ဆုံ၍ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နေသည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။ အဆိုပါ တွေ့ဆုံမှုအတွင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် UNHCR တို့အကြား နားလည်မှုစာချွန်လွှာ (MoU) အရ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအပြင် UNHCR နိုင်ငံခြားသား ဝန်ထမ်းများအတွက် ဗီဇာနှင့် ပြည်တွင်း ခရီးသွားလာခွင့်ဆိုင်ရာ ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

40