မြန်မာ့ရိုးရာ အနုပညာများ မပျောက်ပျက်စေရေးအတွက် ရိုးရာအနုပညာရပ်များကို စနစ်တကျ ထိန်းသိမ်းလေ့လာသင်ယူပြီး ခေတ်အဆက်ဆက် လက်ဆင့်ကမ်းနိုင်ရေး ဆောင်ရွက်ကြရန် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက တိုက်တွန်းပြောကြားခဲ့သည်။ ဩဂုတ်လ ၂၁ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံတကာအဆင့်မီ အနုပညာရှင်များ ပေါ်ထွက်လာရေး အရည်အသွေးရှိသော သင်ကြားရေးစနစ်နှင့် သင်ထောက်ကူပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းအသုံးပြုရန်လည်း လမ်းညွှန်ခဲ့သည်။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရန်နှင့် မျိုးဆက်သစ် အနုပညာရှင်များ မွေးထုတ်ပေးရန် ရည်ရွယ်ဖွင့်လှစ်ထားသည့် အဆိုပါ တက္ကသိုလ်တွင် ယခုပညာသင်နှစ်၌ ကျောင်းသား/ကျောင်းသူ ၁၆၅ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Aug 22 • 12:16 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 40 | 0 | 0 | 0 |


