မသန်စွမ်းသူများအနေဖြင့် ဆေးရုံ၊ ဆေးခန်းများတွင် တန်းစီစောင့်ဆိုင်းစရာမလိုဘဲ ကျန်းမာရေးစောင့်ရှောက်မှု၊ အရေးပေါ်ကုသမှုနှင့် ဓာတ်ခွဲ/ပုံရိပ်ဖော် ရောဂါရှာဖွေမှုများကို ဦးစားပေးအုပ်စုအဖြစ် အခမဲ့ ဆောင်ရွက်ပေးရန် ကျန်းမာရေးဝန်ကြီးဌာနသို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးတွင် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ပြောကြားခဲ့သည်။ ထို့အပြင် မသန်စွမ်းသူများအပေါ် လှောင်ပြောင်မှုများ ပပျောက်စေရေး၊ အဆောက်အအုံများတွင် မသန်စွမ်းသူများ သွားလာရလွယ်ကူစေရန် စီစဉ်ပေးရေးနှင့် ပညာသင်ယူခွင့်ဆိုင်ရာ ပြုစုစောင့်ရှောက်မှုများကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Aug 22 • 12:15 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 33 | 0 | 0 | 0 |


