back

ဒေသထွက်ရော်ဘာဖြင့် ပြည်တွင်းတာယာ ထုတ်လုပ်နိုင်ရေး သထုံတာယာစက်ရုံ ပြန်လည်လည်ပတ်ရန် စီစဉ်

Aug 22 • 12:14 PM

breaking-news

မြန်မာ

မွန်

cover

ဒေသထွက်ရော်ဘာဖြင့် ပြည်တွင်းတာယာ ထုတ်လုပ်နိုင်ရေး သထုံတာယာစက်ရုံ ပြန်လည်လည်ပတ်ရန် စီစဉ်

မွန်ပြည်နယ်အတွင်း ထွက်ရှိသည့် ရော်ဘာကုန်ကြမ်းများကို အခြေခံ၍ ပြည်တွင်း တာယာလိုအပ်ချက် ဖြည့်ဆည်းနိုင်ရန်အတွက် သထုံမြို့နယ်ရှိ အမှတ် (၂၁) အကြီးစားစက်ရုံ (တာယာစက်ရ...

မွန်ပြည်နယ်အတွင်း ထွက်ရှိသည့် ရော်ဘာကုန်ကြမ်းများကို အခြေခံ၍ ပြည်တွင်း တာယာလိုအပ်ချက် ဖြည့်ဆည်းနိုင်ရန်အတွက် သထုံမြို့နယ်ရှိ အမှတ် (၂၁) အကြီးစားစက်ရုံ (တာယာစက်ရုံ-သထုံ) ကို ပြန်လည်လည်ပတ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ဩဂုတ်လ ၁၉ ရက်နေ့က အဆိုပါ စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသထွက် ရော်ဘာကုန်ကြမ်းများမှ ပြည်တွင်းတာယာများ ထုတ်လုပ်ကာ စက်ရုံအမြန်ဆုံး ပြန်လည်လည်ပတ်နိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် စတင်လည်ပတ်ခဲ့သည့် သထုံတာယာစက်ရုံသည် လျှပ်စစ်ဓာတ်အားနှင့် နည်းပညာဆိုင်ရာ အခက်အခဲများကြောင့် ၂၀၁၅-၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် ထုတ်လုပ်မှု ခေတ္တရပ်နားခဲ့ရခြင်း ဖြစ်သည်။ လက်ရှိတွင် ပြည်တွင်း ကုန်ထုတ်လုပ်မှု မြှင့်တင်ရန်နှင့် ဒေသထွက် ရော်ဘာများကို တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ပြောင်းလဲနိုင်ရန် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) စနစ်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ စက်ရုံပြန်လည် စတင်နိုင်ရေး စီစဉ်လျက်ရှိသည်။

news-view-count-icon

16