back

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် ၉ လက်မခန့် ကျော်လွန်ရောက်ရှိ

Aug 22 • 3:50 AM

breaking-news

မြန်မာ

ကရင်

breaking-news
cover

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် ၉ လက်မခန့် ကျော်လွန်ရောက်ရှိ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် ၉ လက်မခန့် ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ နံန...

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက် ၉ လက်မခန့် ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်း တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် ၉ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၁ ရက် အတွင်း ၆ လက်မခန့် မြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ သောင်ရင်းမြစ်ရေသည် မြဝတီမြို့၏ စိုးရိမ်ရေမှတ်အထက် ၄ ပေ ၁၀ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။ထို့ကြောင့် ဘားအံမြို့နယ်နှင့် မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ရန် မိုးဇလက သတိပေးထားသည်။



news-view-count-icon

42