back

နို့တစ်စာ (၃) ကြိမ်ပေးပြီးဖြစ်၍ ပုဇွန်တောင်မြို့နယ် ရထားလမ်းဘေးရှိ ကျူးကျော်တဲများကို ဖယ်ရှားရှင်းလင်းမည်

Aug 22 • 12:22 PM

breaking-news

မြန်မာ

ရန်ကုန်

cover

နို့တစ်စာ (၃) ကြိမ်ပေးပြီးဖြစ်၍ ပုဇွန်တောင်မြို့နယ် ရထားလမ်းဘေးရှိ ကျူးကျော်တဲများကို ဖယ်ရှားရှင်းလင်းမည်

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်ရှိ ရထားလမ်းဘေးတွင် ကျူးကျော်နေထိုင်လျက်ရှိသည့် တဲများကို နို့တစ်စာ (၃) ကြိမ် ပေးပြီးဖြစ်၍ နည်းဥပဒေများနှင့်အညီ ဖယ်ရှားရှင်းလင...

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်ရှိ ရထားလမ်းဘေးတွင် ကျူးကျော်နေထိုင်လျက်ရှိသည့် တဲများကို နို့တစ်စာ (၃) ကြိမ် ပေးပြီးဖြစ်၍ နည်းဥပဒေများနှင့်အညီ ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြောကြားခဲ့သည်။ ဩဂုတ်လ ၂၁ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ပုဇွန်တောင်-လင်းစဒေါင်း မီးရထားလမ်းပိုင်းရှိ ကျူးကျော်တဲများ ဖယ်ရှားရေးနှင့် ပတ်သက်သည့် မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ မူလတရားမဝင် ကျူးကျော်တဲ ၁၀၇ လုံးအနက် ၁၉ လုံးကို ၂၀၂၃ ခုနှစ်က ဖယ်ရှားပြီးဖြစ်ရာ ကျန်ရှိသည့် တဲ ၈၈ လုံးကို ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေအရ ဆက်လက်ရှင်းလင်းသွားမည်ဖြစ်သည်။ ဖယ်ရှားစဉ် ပစ္စည်းများ ပြောင်းရွှေ့ရန် အခက်အခဲရှိပါက စည်ပင်နှင့် ပေါင်းစပ်ကူညီပေးမည်ဖြစ်သော်လည်း ကျူးကျော်နေထိုင်သူများအား ပြန်လည်နေရာချထားပေးရန် အစီအစဉ်မရှိကြောင်း သိရသည်။

news-view-count-icon

23