ရန်ကုန်မိုးများလို့ ငမိုးရိပ်နဲ့ရေလှောင်တမံတွေ ရေပြည့်အမှတ်နီးလာတယ်လို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဦးစီးဌာနမှ သိရပါတယ်။ဒီနေ့မနက်(၆း၀၀)နာရီတိုင်းထွာချက်များအရငမိုးရိပ်နဲ့ရေကူတမံများမှာ(၂၄)နာရီအတွင်းရေစုဆောင်းရရှိမှုအခြေအနေတွေကတော့ ငမိုးရိပ် = + 500 ဧကပေ၊ မဟူရာ = + 380 ဧကပေ၊ ပေါင်းလင်း = + 355 ဧကပေရှိတယ်လို့ ဆိုပါတယ်။ငမိုးရိပ်တမံ ရေပြည့်မှတ်ရောက်ရန်= 1.05 ပေလို၊မဟူရာတမံ ရေပြည့်မှတ်ရောက်ရန် = 3.10 ပေလို၊ပေါင်းလင်း ရေပြည့်မှတ်ရောက်ရန်= 10.70 ပေလိုမှာရှိပြီးရေပိုလွှဲကရေမကျော်သေးဘူးလို့ သိရပါတယ်။



