သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး စီးပွားရေးပိတ်ဆို့မှုဖြင့် အီရန်နိုင်ငံကို အရေးယူမည် ဖြစ်ကြောင်းအမေရိကန် ဘဏ္ဍာရေးဝန်ကြီးစကော့ဘက်ဆန့်က ဩဂုတ် ၂၀ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။အီရန်နိုင်ငံကို စီးပွားရေးစစ်ပွဲဆင်နွှဲမည်ဖြစ်ပြီး စီးပွားရေးအရ အီရန်အသက်ဆက်နိုင်ရေး အတွက် ကူညီသည့်နိုင်ငံမှန်သမျှအနေဖြင့် နောက်ဆက်တွဲ စီးပွားရေးဆိုးကျိုးများနှင့်ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ကြေညာခဲ့ပြီးနောက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။အီရန်အပေါ်စီးပွားရေးအရအပြင်းထန်ဆုံးဖိအားပေးထားခြင်းဖြင့်စစ်ရေးအရထပ်မံတိုက်ခိုက်ရန် လိုအပ်ချက် လျော့ပါးလာမည်ဖြစ်ကြောင်းအမေရိကန် ဘဏ္ဍာရေးဝန်ကြီး
စကော့ဘက်ဆန့်က ထုတ်ဖော်ပြောကြားထား သည်။အီရန်နိုင်ငံအပေါ် ချမှတ်ကျင့်သုံးမည့် စီးပွားရေးအရေးယူပိတ်ဆို့မှုများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို လာမည့်သီတင်းပတ်အတွင်း ကြေညာမည်ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင်ထုတ်ဖော်ပြောကြားထားသည်။ခြောက်လနီးပါးကြာ အီရန်စစ်ပွဲပြီးဆုံးရေးအတွက် သံတမန်ရေးအရကြိုးပမ်းအားထုတ်မှုများ ရပ်တန့်နေချိန်တွင် အီရန်အပေါ် စီးပွားရေးအရအပြင်းထန်ဆုံးဖိအားပေးရန် အမေရိ
ကန်အစိုးရက စီစဉ်နေခြင်းဖြစ်သည်။



