အင်တာမီလန်အသင်းဟာ လီဗာပူးလ်အသင်းက အင်္ဂလန်ကွင်းလယ်လူ ကာတစ်ဂျုံးစ်ကို ယူရို ၃၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ကာတစ်ဂျုံးစ်(၂၅ နှစ်)ရဲ့ ကနဦးပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ဖြစ်ပြီး Add-ons ကြေးကတော့ ယူရို ငါးသန်း ရှိပါတယ်။၎င်းဟာ အင်တာမီလန်အသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်။လီဗာပူးလ်အနေနဲ့ ကာတစ်ဂျုံးစ်ရဲ့အနာဂတ်အပြောင်းအရွှေ့ကနေ ၁၀ ရာခိုင်နှုန်းခံစားခွင့်ရှိမယ့်အချက်လည်း ထည့်သွင်းထားပါတယ်။လီဗာပူးလ်အသင်းဟာ ဇွန်လက အင်တာရဲ့ ယူရို ၂၅ သန်းတန် ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီး အခုမှ ကြေးတိုးမြှင့်ကမ်းလှမ်းလာလို့ သဘောတူညီမှု ရခဲ့ပါတယ်။
အင်တာအသင်းဟာ ဇန်နဝါရီလကတည်းက ကာတစ်ဂျုံးစ်ကို စိတ်ဝင်စားခဲ့ပြီး ကနဦးအငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ ငြင်းဆန်ခံခဲ့ရပါတယ်။



