ရန်ကုန် - မန္တလေးရထားလမ်းပိုင်း သောင်းတိုင်ကုန်းနှင့်တောင်ငူဘူတာအကြား တရားမဝင် လမ်းကူးဂိတ်၌ DEMU ရထားနှင့်ဆိုင်ကယ်ဘေးတွဲ ပွတ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့် လူစီးအမြန်ရထားများ ပြေးဆွဲပေး လျက်ရှိရာ ဩဂုတ် ၂၀ ရက် ညနေ၄ နာရီခန့်တွင်အမှတ် (၇) အဆန် ရန်ကုန်-နေပြည်တော် DEMU လူစီး အမြန်ရထားသည်သောင်းတိုင်ကုန်းနှင့် တောင်ငူဘူတာအကြား မိုင်တိုင်အမှတ် ၁၆၅၊၁ နှင့် ၂ ကြားရှိ ကျေးရွာအစီအစဉ်ဖြင့် ဂိတ်စောင့် (ဖွင့်။ပိတ်) ပြုလုပ်သော တရား မဝင်လမ်းကူးဂိတ်၌ ဘေးတွဲဆိုင်ကယ်နှင့် ပွတ်တိုက်မှုဖြစ်ပွားပြီး DနMU ရထားစက်ခေါင်း၏ရှေ့ညာဘက်မီးလုံးကွဲပြီး ဆေးပွန်းပဲ့မှုဖြစ်ပွား၍ ခရီးသည်များနှင့် ဝန်ထမ်းများထိခိုက်မှုမရှိ ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်ဖြစ်ပွားရခြင်းမှာ တရားမဝင်လမ်းကူးဂိတ်၏ အရှေ့ဘက်မှအနောက်ဘက်သို့ မောင်းနှင်လာသည့် ဘေးတွဲဆိုင်ကယ်သည် အရပ်သားဂိတ်စောင့်မှ ဝါးလုံးတန်းဖြင့် ဂိတ်ပိတ် တားဆီးထားသော်လည်း အရှိန်မထိန်းနိုင်ဘဲရထားလမ်းအား ဖြတ်ကျော်မောင်းနှင်မှုကြောင့် သောင်းတိုင်ကုန်းဘူတာမှဖြတ်သန်းမောင်းနှင်လာသော အမှတ် (၇) အဆန် DEMU ရထားဖြင့် ပွတ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။အဆိုပါဂိတ်သည် ကျေးရွာအစီအစဉ်ဖြင့် ဂိတ်စောင့်က (ပိတ်/ဖွင့်) ပြုလုပ်သော တရားမဝင်လမ်းကူးဂိတ်ဖြစ်ပြီး ရထားနှင့် ဘေးတွဲဆိုင်ကယ်တိုက်မိမှုဖြစ်စဉ်ကြောင့် ဘေးတွဲ ဆိုင်ကယ်မောင်းနှင်သူအား ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး တောင်ငူမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားပါတယ်။



