back

ကျန်စစ်မင်းနှင့် ယုဇနအိမ်ရာ (၃) အိမ်ခန်း ရမည်ဟု လိမ်ညာမှုများရှိနေ၍ မယုံကြရန် အိုးအိမ်ဦးစီးဌာန သတိပေး

Aug 22 • 3:44 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ကျန်စစ်မင်းနှင့် ယုဇနအိမ်ရာ (၃) အိမ်ခန်း ရမည်ဟု လိမ်ညာမှုများရှိနေ၍ မယုံကြရန် အိုးအိမ်ဦးစီးဌာန သတိပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်စစ်မင်းအိမ်ရာနှင့် ယုဇနအိမ်ရာ အပိုင်း (၃) တို့မှ အိမ်ခန်းများ ဝယ်ယူခွင့် ရရှိမည်ဟု ဆိုကာ လိမ်ညာ ဆောင်ရွက်မှုများ ရှိနေသဖြင့် ပ...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်စစ်မင်းအိမ်ရာနှင့် ယုဇနအိမ်ရာ အပိုင်း (၃) တို့မှ အိမ်ခန်းများ ဝယ်ယူခွင့် ရရှိမည်ဟု ဆိုကာ လိမ်ညာ ဆောင်ရွက်မှုများ ရှိနေသဖြင့် ပြည်သူများ သတိပြုကြရန် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေး ထုတ်ပြန်လိုက်သည်။အဆိုပါ အိမ်ရာများမှ အိမ်ခန်းလျှောက်လွှာ တင်ပေးမည်ဟု လည်းကောင်း၊ အိမ်ခန်း ရရှိမည်ဟု လည်းကောင်း၊ ငွေပေးသွင်းရန် အကြောင်းကြားစာ အတုများ ပြုလုပ်၍လည်းကောင်း လိမ်ညာ ပြောဆိုမှုများ ကြုံတွေ့ရပါက မယုံကြည်ကြရန် အသိပေးထားခြင်း ဖြစ်သည်။အိမ်ခန်း လျှောက်လွှာ တင်ထားသူများကို ဌာနမှ စိစစ် ရွေးချယ်ပြီးပါက ဝယ်ယူခွင့် ရရှိသူများထံသို့ နေပြည်တော် ဖုန်းနံပါတ် ၀၆၇-၃၄၀၇၅၂၇ ဖြင့်သာ ရုံးချိန်အတွင်း တိုက်ရိုက် ဆက်သွယ် အကြောင်းကြား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာ အပိုင်း (၁) ၌ တိုက် ၇၃ လုံး၊ အခန်းပေါင်း ၂,၃၇၂ ခန်း ပါဝင်ပြီး အပိုင်း (၂) ကိုလည်း ဆက်လက် တိုးချဲ့ ဆောက်လုပ်ထားသည်။ ထို့အပြင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇနအိမ်ရာ အပိုင်း (၃) တွင်လည်း ၄ ထပ်တိုက် ၂၁ လုံး၊ အခန်းပေါင်း ၅၀၄ ခန်း အပါအဝင် စုစုပေါင်း ၁,၄၅၆ ခန်းဖြင့် ဖွဲ့စည်းထားရာ အဆိုပါ အိမ်ရာများ၏ အိမ်ခန်း အရောင်းအဝယ်နှင့် ပတ်သက်၍ ပြည်သူများ လိမ်လည်မှု မခံရစေရေး အိုးအိမ်ဦးစီးဌာနမှ သတိပေး ထုတ်ပြန်ထားခြင်း ဖြစ်သည်။

news-view-count-icon

97