back

လာအိုနိုင်ငံ၊ ပက်ဆီးမြို့ရှိ ကျေးရွာ ၂၁ ရွာ ရေဘေးသင့်၊ မဲခေါင်မြစ်ရေစိုးရိမ်ရေမှတ် ထက် ကျော်လွန်

Aug 21 • 1:59 PM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအိုနိုင်ငံ၊ ပက်ဆီးမြို့ရှိ ကျေးရွာ ၂၁ ရွာ ရေဘေးသင့်၊ မဲခေါင်မြစ်ရေစိုးရိမ်ရေမှတ် ထက် ကျော်လွန်

လာအိုနိုင်ငံ၊ ချမ်ပါဆပ် (Champasak) ပြည်နယ်၊ ပက်ဆီး (Pakse) မြို့ရှိ ကျေးရွာ ၂၁ ရွာတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက သတင်းထု...

လာအိုနိုင်ငံ၊ ချမ်ပါဆပ် (Champasak) ပြည်နယ်၊ ပက်ဆီး (Pakse) မြို့ရှိ ကျေးရွာ ၂၁ ရွာတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက သတင်းထုတ်ပြန်သည်။ အထူးသဖြင့် ဆီဒွန် (Xe Don) မြစ်နှင့် မဲခေါင်မြစ် ဆုံရာ မြစ်ဝှမ်းမြေနိမ့်ပိုင်းရှိ ကျေးရွာ ၉ ရွာမှာ အဆိုးရွားဆုံး ထိခိုက်ခဲ့ပြီး လူနေအိမ်များ၊ စပါးခင်းများနှင့် စိုက်ပျိုးမြေများ ရေနစ်မြုပ်ခဲ့ရသည်။ ဩဂုတ်လ ၂၁ ရက်နေ့ စာရင်းများအရ ပက်ဆီးမြို့ရှိ မဲခေါင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၁၂.၀၀ မီတာ ထက်ကျော်လွန်ကာ ၁၂.၅၁ မီတာအထိ မြင့်တက်လာခဲ့သည်။ အာဏာပိုင်များက စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် လူငယ်စေတနာ့ဝန်ထမ်းများကို စေလွှတ်၍ ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ သဲအိတ်တားဆီးခြင်း၊ ရေစုတ်ထုတ်ခြင်းနှင့် အရေးပေါ် ကူညီထောက်ပံ့ရေး ပစ္စည်းများ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် လွမ်နမ့်သာ၊ ဥတ္တမဇိုင်း၊ လွမ်ပရာဘင်း၊ ဘိုလိခမ်းဆိုင်း၊ ခမ်မွန်၊ သဝမ်နခက်၊ သာလဝန် နှင့် ဆီကုန်း စသည့် တောင်ဘက်နှင့် မြောက်ဘက် ပြည်နယ်အသီးသီး၌လည်း ရေကြီးမှုများ ဖြစ်ပွားနေသဖြင့် ပြည်သူများအနေဖြင့် မြစ်ရေအခြေအနေကို အထူးဂရုပြု စောင့်ကြည့်ကြရန် သတိပေးထားသည်။

news-view-count-icon

12