back

ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း မိုးဇလ သတိပေး

Aug 21 • 1:58 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း မိုးဇလ သတိပေး

ဘင်္ဂလားပင်လယ်အော်တွင် ဩဂုတ်လ တတိယ (၁၀) ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြော...

ဘင်္ဂလားပင်လယ်အော်တွင် ဩဂုတ်လ တတိယ (၁၀) ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၂၁ ရက် နံနက်ပိုင်းတွင် အသိပေး ထုတ်ပြန်လိုက်သည်။ ထို့ပြင် အနောက်တောင် မုတ်သုံလေမှာလည်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့၌ အားကောင်းလာနိုင်သည်ဟု ခန်းမှန်းထားသည်။ တစ်ဆက်တည်းမှာပင် အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာ၏ ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များအရ အယ်လ်နီညို အခြေအနေမှာ ဆက်လက် တည်ရှိနေပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားအလွန်ကောင်းသည့် အယ်လ်နီညိုအဖြစ်သို့ ရောက်ရှိနိုင်ကာ အဆိုပါ ဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နွေကာလ အပူချိန် မြင့်မားခြင်းနှင့် မိုးခေါင်ရေရှားခြင်း စသည့် အစွန်းရောက် မိုးလေဝသ အခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

news-view-count-icon

45