ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ အသက် ၈၃ နှစ်အရွယ် အဖိုးအို သနဖွန် ဖုသဖောင်သည် ဘဏ်အကောင့်ထဲမှ ဘတ်ငွေ ၆ သိန်းကျော် ပျောက်ဆုံးသွားပြီး ထည့်သွင်းထားသည့် ဘတ် ၂ သန်းကျော်မှာလည်း စာရင်းထဲ၌ မရှိတော့သဖြင့် တရားမျှတမှု ရရှိရန် အကူအညီတောင်းခံလျက်ရှိကြောင်း Thethaiger သတင်းအရ သိရသည်။ ၎င်းသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် အကောင့်ထဲမှ အမည်မသိ ငွေထုတ်ယူခံရမှုကို စတင်တွေ့ရှိခဲ့ရာ ဘဏ်မန်နေဂျာက အဖိုးအိုကိုယ်တိုင် ထုတ်ယူခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ပြီး CCTV မှတ်တမ်း ပြသရန် ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် ဧပြီလတွင် ရန်နာဝါ ရဲစခန်း၌ တိုင်ကြားခဲ့သော်လည်း ဘဏ်ဘက်က စာရွက်စာတမ်း မပေးသဖြင့် စုံစမ်းစစ်ဆေးမှု ကြန့်ကြာနေသဖြင့် အခြားရဲစခန်းသို့ ပြောင်းရွှေ့တိုင်ကြားရန် စီစဉ်နေသည်။ ထို့အပြင် ယခုဖြစ်စဉ်တွင် ဩဇာကြီးသူများ ပါဝင်နေမည်ကို စိုးရိမ်သဖြင့် မိမိ၌ တစ်စုံတစ်ရာ အန္တရာယ်ဖြစ်ပေါ်ပါက အဆိုပါ ဘဏ်အကောင့်ပြဿနာကို ပါဝင်စစ်ဆေးပေးပါရန်လည်း အဖိုးအိုက တောင်းဆိုထားသည်။
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် ဘဏ်အကောင့်ထဲမှ ဘတ် ၂ သန်းကျော် ပျောက်ဆုံးသွား၍ တရားမျှတမှု ရရှိရန် ထိုင်းအဖိုးအို ကြိုးပမ်း
Aug 21 • 1:57 PM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


