ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင်လေဆိပ်၌ မြန်မာအမျိုးသမီး ခရီးသွားတစ်ဦး မေ့ကျန်ခဲ့သည့် အရေးကြီးပစ္စည်းများပါ အနက်ရောင်ကျောပိုးအိတ်ကို ချင်းမိုင်ခရီးသွား ရဲတပ်ဖွဲ့က ရှာဖွေ၍ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ဩဂုတ်လ ၂၀ ရက် နံနက်ပိုင်းက ချင်းမိုင်မှ ဒွန်မောင်းသို့ ထွက်ခွာသွားသော ချစ်သူအမျိုးသမီး၏ အိတ်ကျန်ရစ်ခဲ့သဖြင့် မြန်မာအမျိုးသားတစ်ဦးက မွန်းလွဲ ၁ နာရီခွဲခန့်တွင် အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပြီး၊ ရဲတပ်ဖွဲ့ဝင်များသည် Google Translate မှတစ်ဆင့် ကူညီဆက်သွယ်ပေးခဲ့ရာ ပြည်တွင်းထွက်ခွာ လုံခြုံရေးစစ်ဆေးရေးဂိတ်၌ ကျန်ရစ်ခဲ့သည့် ကျောပိုးအိတ်ကို တွေ့ရှိ၍ ပြန်လည်ပေးအပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ခရီးသွားများအနေဖြင့် အရေးပေါ်အကူအညီလိုအပ်ပါက Hotline 1155 နှင့် သက်ဆိုင်ရာ Application များသို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ချင်းမိုင်လေဆိပ်၌ မေ့ကျန်ခဲ့သည့် ကျောပိုးအိတ်အား ထိုင်းခရီးသွားရဲတပ်ဖွဲ့က မြန်မာခရီးသွားထံ ပြန်လည်ရှာဖွေပေးအပ်
Aug 21 • 1:56 PM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


