ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ဦးဆောင် ကျင်းပတဲ့ (၅) ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံရှစ်ကြက်တောင်ပြိုင်ပွဲ (5th BWF World Championship 2026) ကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဟိန်းထွဋ်နှင့် သက်ထားသူဇာတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရပါတယ်။(၅) ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံရှစ်ကြက်တောင်ပြိုင်ပွဲကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ပြီးခဲ့တဲ့ သြဂုတ် (၁၇) ရက်မှစ၍ ကျင်းပနေခြင်းဖြစ်ပါတယ်။ ဟိန်းထွဋ်ဟာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ပထမအဆင့် (၆၄ ဦး) မှ စတင်ယှဥ်ပြိုင်ကစားခဲ့ရပြီး ပထမအဆင့်တွင် ပိုလန်ကစားသမားကို (၂၁-၁၀၊ ၂၁-၁၇) မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိကာ ဒုတိယအဆင့်သို့ တက်ရောက်ခဲ့ပါတယ်။ ဟိန်းထွဋ်ဟာ ဒုတိယအဆင့် (၃၂ ဦး) တွင် လက်ရှိကမ္ဘာ့အဆင့် (၁၅) ရှိ ပြင်သစ်ကစားသမားနှင့် တွေ့ဆုံယှဥ်ပြိုင်ခဲ့ရပြီး (၁၃-၂၁၊ ၁၁-၂၁) မှတ်ဖြင့် နှစ်ပွဲပြတ်ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရပါတယ်။ သက်ထားသူဇာကတော့ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ပထမအဆင့်မှ စတင်ယှဥ်ပြိုင်ခဲ့ပြီး လက်ရှိကမ္ဘာ့အဆင့် (၂၆) ရှိ အိန္ဒိယကစားသမားနှင့် တွေ့ဆုံယှဥ်ပြိုင်ခဲ့ရတာဖြစ်ကာသက်ထားသူဇာဟာ ပထမပွဲငယ်တွင် အိန္ဒိယကစားသမားနှင့် အကြိတ်အနယ်ယှဥ်ပြိုင်ကစားခဲ့ပြီး (၂၀-၂၂) မှတ်ဖြင့် ကပ်ကာရှုံးနိမ့်ခဲ့ပါတယ်။သက်ထားသူဇာဟာ ဒုတိယပွဲငယ်တွင် အိန္ဒိယကစားသမားကို (၁၆-၂၁) မှတ်ဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။
ယခုပြိုင်ပွဲမှာ BWF က ကျင်းပတဲ့ ပြိုင်ပွဲတွေ
ထဲမှာ အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းအဆင့်ရှိ ကြက်တောင်ကစားသမားများသာ ပါဝင်ခွင့်ရရှိခြင်းဖြစ်ကြောင်း သိရပါတယ်။



