၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ ကျဆင်းလာမှုကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် (ခ) ရပ်ကွက်နှင့် (ဃ) ရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။ ယင်းသို့ ရေဝင်ရောက်မှုကြောင့် လှိုင်းဘွဲ့မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အဆိုပါ ရပ်ကွက်များရှိ ရေဘေးသင့် အိမ်ထောင်စုများအား ဘေးကင်းရာ သို့ ကူညီရွှေ့ပြောင်းပေးရေး လုပ်ငန်းများကို ချက်ချင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွား
Aug 21 • 1:50 PM
မြန်မာ
ကရင်
မျှဝေမည်
| 31 | 0 | 0 | 0 |


