ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်း စီးဆင်းခဲ့မှုကြောင့် တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် မီးသတ်တပ်ဖွဲ့ဝင်များသည် တာကျိုးနေရာ၌ သဲအိတ်များ ဖြည့်ခြင်းနှင့် သဲအိတ်ဖို့ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ရေဘေးရှောင်စခန်းများနှင့် ရေဝင်ရောက်သည့် ကျေးရွာများသို့ စားသောက်ရိက္ခာနှင့် သောက်သုံးရေများ ပို့ဆောင်ပေးခြင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အဖွဲ့အစည်းများနှင့် အလှူရှင်များ၏ ကူညီထောက်ပံ့မှုများကို လိုအပ်သည့် နေရာများသို့ ပို့ဆောင်ပေးခြင်းအပြင် ဒေသခံ ပြည်သူများ၏ ကျန်းမာရေးနှင့် လူမှုရေး သွားလာမှုများအတွက် ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်၌ ငဝန်တာ နိမ့်ကျမှု ဖြစ်စဉ်တွင် မီးသတ်တပ်ဖွဲ့ဝင်များမှ သဲအိတ်ဖို့ခြင်းနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်
Aug 21 • 1:51 PM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 28 | 0 | 0 | 0 |


