ကရင်တိုင်းရင်းသားတို့၏ ဘိုးဘွားအမွေအနှစ် ရိုးရာယဉ်ကျေးမှုတစ်ရပ်ဖြစ်သည့် ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ဩဂုတ်လ ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဖားစည်တီးခြင်း၊ ကျွဲချိုမှုတ်ခြင်းတို့ဖြင့် ပွဲကို စတင်ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် ကရင်တိုင်းရင်းသားတို့၏ ရိုးရာအိုးစည်အက၊ ဒုံးအက၊ စကောအကနှင့် ဝါးညှပ်အကများဖြင့် စုစည်းဖျော်ဖြေခဲ့ကြပြီး၊ ဘိုးဘွားများက ကရင်လူငယ်မောင်မယ်များအား လက်ချည်ပွဲ အသုံးအဆောင် ခုနစ်မျိုးပါဝင်သည့် စကောများဖြင့် ရိုးရာဓလေ့အတိုင်း ချည်ဖြူဖွဲ့ပေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန်၌ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပ၊ ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေ
Aug 21 • 1:48 PM
မြန်မာ
ကရင်
မျှဝေမည်
| 35 | 0 | 0 | 0 |


