အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပမည့် FIFA U-15 World Cup and Festival ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၅ လူငယ်လက်ရွေးစင်အသင်းအတွက် ကစားသမား ရွေးချယ်ပွဲကို ဩဂုတ်လ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ရန်ကုန်မြို့ အမျိုးသားဘောလုံးအကယ်ဒမီ၌ ကျင်းပမည် ဖြစ်သည်။ အဆိုပါ ရွေးချယ်ပွဲကို Open Try Out နည်းလမ်းဖြင့် ရွေးချယ်ခံရသူများ၊ FIFA/MFF U-15 League ပြိုင်ပွဲဝင်များနှင့် နေပြည်တော် RTC မှ ကစားသမားများ ပါဝင်၍ ၈ ဦးနှင့် ၈ ဦး ယှဉ်ပြိုင်ကစားသည့်စနစ်ဖြင့် စိစစ်သွားမည်ဖြစ်သည်။ MFF Academy Selection Team မှ ကစားသမားများ အပါအဝင် စုစုပေါင်း ကစားသမား ၃၂ ဦးကို ရွေးချယ်၍ ပဏာမ စာရင်းအား ဩဂုတ်လ ၃၁ ရက်တွင် တရားဝင် ထုတ်ပြန်ပေးမည်ဖြစ်ကာ၊ စခန်းသွင်း လေ့ကျင့်ပြီးနောက် လာမည့် အောက်တိုဘာ ၂၂ ရက်မှ ၃၁ ရက်အထိ ကျင်းပမည့် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အပြီးသတ် လက်ရွေးစင်အသင်းကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
Aug 21 • 1:47 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 40 | 0 | 0 | 0 |


