back

ရခိုင်ပြည်နယ်၊စစ်တွေမြို့ပေါ် ရပ်ကွက်များ လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ရရှိရေး ဒီဇယ်မီးစက်များ နေရာချထား

Aug 21 • 1:45 PM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ပြည်နယ်၊စစ်တွေမြို့ပေါ် ရပ်ကွက်များ လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ရရှိရေး ဒီဇယ်မီးစက်များ နေရာချထား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ် ရပ်ကွက်များသို့ လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ဖြန့်ဖြူးပေးနိုင်ရန်အတွက် 500 KVA နှင့် 300 KVA အမျိုးအစား ဒီဇယ်ဓာတ်အားပေးမီးစက်...

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ် ရပ်ကွက်များသို့ လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ဖြန့်ဖြူးပေးနိုင်ရန်အတွက် 500 KVA နှင့် 300 KVA အမျိုးအစား ဒီဇယ်ဓာတ်အားပေးမီးစက်များ နေရာချထားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ရတနာပန်းတောင်း ရေယာဉ်ဖြင့် ရောက်ရှိလာသည့် မီးစက်များ၊ ဆန်နှင့် စက်သုံးဆီများ သယ်ယူပို့ဆောင်ရေးနှင့် မကျည်းမြိုင်ရပ်ကွက်အတွင်း မီးစက်များ နေရာချထားမှု လုပ်ငန်းခွင်များကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့် တာဝန်ရှိသူများက ဩဂုတ်လ ၂၀ ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမျိုးသန့်ခြံအတွင်း နို့စားနွားမွေးမြူရေးခြံ တည်ဆောက်နေမှုကိုလည်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

news-view-count-icon

22